
ပရိယတ္တိစာပေတွင် ပထမကြီးတန်းအောင်ထားပြီး မန္တလေး ဗုဒ္ဓတက္ကသိုလ်နောက်ဆုံးနှစ်တက်နေသော ၁၁ ဝါရ အရှင်ပညာသီရိကို လက်နက်ကိုင်တော်လှန်ရေးသမား(PDF)တစ်ဦးအဖြစ်သို့ တွန်းပို့လိုက်သည့် တရားခံက စစ်အာဏာရှင်ဖြစ်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်မည်ဟု တဖွဖွပြောလေ့ရှိသော စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးချိန်တွင် အရပ်သားပြည်သူများသာမက ရဟန်းသံဃာတော်များကိုပါ ရိုက်နှက်ဖမ်းဆီးထောင်ချနေ၍ သင်္ကန်းဝတ်ဖြင့် အရိုးထုတ်လိုသည့် ဆန္ဒကို စွန့်ကာ လက်နက်စွဲကိုင်တိုက်ပွဲဝင်ရခြင်းဟု အသက် ၃၁နှစ်အရွယ် အရှင်ပညာသီရိတစ်ဖြစ်လဲ ကိုမောင်မောင်သော်က ပြောသည်။
[youtube https://youtu.be/zHCIkYOdjwY]