
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံများကို လာမယ့်ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းပေးရန် နိုင်ငံတကာက အလုပ်သမားသမဂ္ဂအဖွဲ့များက သဘောတူခဲ့ကြသည်။
ဩဂုတ်လ ၂၉ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် နိုင်ငံတကာက အလုပ်သမားသမဂ္ဂများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ILO အဖွဲ့ဝင်နိုင်ငံ၏ အစိုးရများကို နိုင်ငံတကာရှိ အလုပ်သမားသမဂ္ဂအသိုင်းအဝိုင်းက တွန်းအားပေးရန် အခုလိုဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
[youtube https://youtu.be/6q1qy-4MhEk]