
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ဖာပွန်ဒေသတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ပျံဝဲမှုများ ဆက်တိုက်ရှိလာသဖြင့် ဖာပွန်ခရိုင်ထဲရှိ ကျေးရွာများကို လေကြောင်းအန္တရာယ် တပ်လှန့်ထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားပါသည်။
ယခင်ကလည်း တပ်မဟာ(၅)ဒေသရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က လေယာယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခံမှုကြောင့် အပြစ်မဲ့ ဒေသခံအရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများရှိသော်လည်း KNU ရဲဘော်များ ထိခိုက်သေဆုံးမှုမရှိကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုသည်။
[youtube https://youtu.be/PULMlVhrEnA]