ရုပ်သံသတင်း

သံဃာတော်များကို ဖားလိုခုန်ခိုင်း၊ ဒူးထောက်ပြီးသွားခိုင်းသည့် မန္တလေးစစ်ကြောရေး

ဓမ္မာစရိယတန်း တက်နေသည့် ခမီတိုင်းရင်းသား အရှင်မဏိသာရသည် ဆန္ဒပြနေစဉ် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရပြီး ဦးခေါင်းကို အချက်ပေါင်းများစွာ ရိုက်နှက်ခံရရုံသာမက နာမည်ကျော် နန်းတွင်းစစ်ကြောရေးတွင် ၆ ရက်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

စစ်ကြောရေးနှင့် အိုးဘိုထောင်တွင် တစ်လကျော်နေခဲ့ရပြီး ပြီးခဲ့သည့် ဇွန် ၃၀ တွင်ပြန်လွတ်လာသည့် အရှင်မဏိသာရသည် ညှဉ်းပန်းနှိပ်စက်ခံရသောဒဏ်ကြောင့် ဦးခေါင်းကိုက်သည့် ဝေဒနာကို နေ့စဉ်ခံစားနေရသည်။ သို့သော် ထပ်အဖမ်းခံရမည်စိုးရိမ်သည့်အတွက် မူလသီတင်းသုံးခဲ့သည့် မန္တလေး၊ မိုးကောင်းကျောင်းတိုက်ကို စွန့်ခွာကာ လုံခြုံသည့်နေရာ၌ တိမ်းရှောင်နေရသည်။

[youtube https://youtu.be/8HnWXJHT-RE]

Show More

Related Articles

Back to top button