
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Erywan Yusof မြန်မာနိုင်ငံ ရောက်ရှိချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ကန့်သတ်၊ ထိန်းချုပ်မှုများကြောင့် လွတ်လွတ်လပ်လပ် တွေ့ဆုံဆွေးနွေးခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်များ မရှိပါက မြန်မာ့အရေးတွင် အာဆီယံ ကြားဝင်ဆောင်ရွက်မှု အောင်မြင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက Myanmar Now ကို ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း(သင့်ဘဝ)ကလည်း အာဆီယံ မူ ၅ချက်တွင် ပါဝင်သည့် တွေ့သင့်တွေ့ထိုက်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခွင့်မရဘဲ စစ်ကောင်စီ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဆိုပါက အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် စစ်ဖိနပ်ကို တိုက်ပေးသည့် ‘ဖိနပ်တိုက်သမား’ ဖြစ်သွားနိုင်သည်ဟု သုံးသပ်သည်။
Erywan Yusof က သူ့အနေဖြင့် မြန်မာနိုင်ငံကို လာသည့်အခါ တွေ့သင့်၊ တွေ့ထိုက်သူအားလုံးနှင့် အပြည့်အဝ တွေ့ဆုံဆွေးနွေးလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ Erywan Yusof က ဩဂုတ် ၇ တွင် ပြောထားသည်။
[youtube https://youtu.be/xFWR3hSrQxM]