ရုပ်သံသတင်း

ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ် နောက်ဆက်တွဲ

အကြမ်းဖက်ဝင်ရောက်စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချခြင်း သို့မဟုတ် ပြုတ်ကျသူ လူငယ် ၅ ဦးအနက် နှစ်ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ စစ်ဆေးရုံများတွင် ကုသမှုခံယူနေရသည်။

တိုက်ပေါ်မှ ခုန်ချ(သို့)ပြုတ်ကျစဉ် သေဆုံးခဲ့သူ မဝေဝေမြင့်၏ ရုပ်အလောင်းကို ခုတင် ၁၀၀၀ စစ်ဆေးရုံမှ ထုတ်ယူပြီးနောက် ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီကျော်တွင် ရွှေပြည်သာမြို့နယ်ရှိ ကျူချောင်သုသာန်၌ သင်္ဂြိုဟ်ခဲ့ရကြောင်း ခင်ပွန်းဖြစ်သူ ဒေါက်တာစိုးမြတ်သူက Myanmar Now ကို ပြောသည်။ သေဆုံးသူ မဝေဝေမြင့်နှင့် ဒေါက်တာစိုးမြတ်သူတို့တွင် ငါးနှစ်အရွယ် သမီးငယ်တစ်ဦးရှိသည်ဟု သိရသည်။

[youtube https://youtu.be/xtr667ra_0w]

Show More

Related Articles

Back to top button