
မြို့ပြများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီဒေါက်တိုင်များကို တိုက်ခိုက်နေသည့် ပြောက်ကျားလှုပ်ရှားမှုများ အားမနည်းသွားစေရန် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုက အရေးကြီးကြောင်း မြို့ပြပြောက်ကျားအဖွဲ့များက ဆိုသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်ခြင်းမရှိသော်လည်း သတင်းပေးဒလန်များကြောင့် တော်လှန်ရေးရဲဘော်များ ဖမ်းဆီး၊ သတ်ဖြတ်ခံခဲ့ရမှုများရှိနေသည်။ မြို့ပြပြောက်ကျားတိုက်ခိုက်ရေးသမားသည် တိုက်ခိုက်မှုအတွင်း အသက်ပေးလိုက်ရမှုများ ဖမ်းဆီးခံရမှုများရှိသော်လည်း စစ်ကောင်စီကို ဆက်လက်တော်လှန် တိုက်ခိုက်သွားမည်ဟုဆိုသည်။
[youtube https://youtu.be/mMpOhPObjSw]