အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်လာ

အာဏာသိမ်းပြီး ၁၉၈ ရက် အကြာ ဩဂုတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူပေါင်း ၁၀၀၁ ဦးအထိ ရှိနေပြီး သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၈၀ ဦးနှင့် အမျိုးသမီး ၇၀ ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းက ဆိုသည်။

ခြောက်လကျော်အတွင်း စစ်ကောင်စီဖမ်းထားသူ ၇၀၀၀ ကျော်ရှိပြီဖြစ်ပြီး ထိုအထဲတွင် အလိုရှိသူကို မမိ၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုပါမချန် ဓားစာခံအဖြစ် ဖမ်းထားသူများပါဝင်သည်။ စစ်ကောင်စီ၏ ပြည်သူအပေါ် ရာဇဝတ်မှုမြောက်ကျူးလွန်မှုများကို ကမ္ဘာသိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။

[youtube https://youtu.be/qzUhIARH1Sk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button