အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်လာ

အာဏာသိမ်းပြီး ၁၉၈ ရက် အကြာ ဩဂုတ်လ ၁၇ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူပေါင်း ၁၀၀၁ ဦးအထိ ရှိနေပြီး သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသူ ၈၀ ဦးနှင့် အမျိုးသမီး ၇၀ ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းက ဆိုသည်။

ခြောက်လကျော်အတွင်း စစ်ကောင်စီဖမ်းထားသူ ၇၀၀၀ ကျော်ရှိပြီဖြစ်ပြီး ထိုအထဲတွင် အလိုရှိသူကို မမိ၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုပါမချန် ဓားစာခံအဖြစ် ဖမ်းထားသူများပါဝင်သည်။ စစ်ကောင်စီ၏ ပြည်သူအပေါ် ရာဇဝတ်မှုမြောက်ကျူးလွန်မှုများကို ကမ္ဘာသိအောင် ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။

[youtube https://youtu.be/qzUhIARH1Sk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles