ရုပ်သံသတင်း

အင်းစိန်ထောင်တွင်းအခြေအနေ စိုးရိမ်ကြောင်း အဖွဲ့အစည်းများနှင့်သံရုံးများဆို

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ထောင်အတွင်းက ထိန်းသိမ်းခံ နိုင်ငံရေးသမားတွေအတွက် စိုးရိမ်မှုများ ရှိကြောင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများက ကြေညာချက်များ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက ကိုဗစ်နိုင်တင်းရောဂါ အကြောင်းပြ၍ ရာဇဝတ်ဆိုင်ရာ ပြစ်မှု ၁၁ မျိုးဖြင့် ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီ ချုပ်နှောင်တရားစွဲဆိုခံထားရသည့် အချုပ်သားများကို ဇူလိုင် ၂၂ ရက်နေကစတင်ကာ အသုတ်လိုက် လွှတ်ပေးနေမှုကို နိုင်ငံရေးအရ ဖိနှိပ်မှုများ တိုးမြှင့်ဖို့ ဖြစ်နိုင်သည်ဟု ဝေဖန်မှုများရှိနေသည်။

[youtube https://youtu.be/IpNJa-xrDJ8]

Related Articles

Back to top button