
အာဏာသိမ်းစစ်ကောင်စီကကျင်းပသည့် ၇၄ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဂါရဝပြုခွင့်မရဘဲ စစ်ကောင်စီကခန့်ထားသည့် ရန်ကုန်စည်ပင်ကလူ တစ်ဦးသာ ကိုယ်စားလွမ်းသူ့ပန်းခွေချသွားပါသည်။ ကျန်အာဇာနည်(၈)ဦး၏ မိသားစုဝင်အချို့လည်း တက် ရောက်ခဲ့ခြင်းမရှိသည်ကိုတွေ့ရပါသည်။
အာဇာနည်နေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် မြို့ကြီးများ၌ လူငယ်များက အာဇာနည်(၉)ဦးမက ကြွေးကြော်သံဖြင့် ဆန္ဒပြခဲ့ကြပြီး ပြည်သူများကလည်း ကားဟွန်းသံများဖြင့် ယခင်အတိုင်း အလေးပြုခဲ့ကြသည်ကိုတွေ့ရပါသည်။
[youtube https://youtu.be/HMu3ACh-0XQ]