အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဦးဉာဏ်ဝင်း ကိုဗစ်ကူးစက်ခံရ ပြင်ပဆေးရုံတွင် အရေးပေါ်ကုသနေရ

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရသည်ဟု ထောင်အာဏာပိုင်က အတည်ပြုသည်။

ဦးဉာဏ်ဝင်းနည်းတူ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာန တာဝန်ခံ ဒေါက်တာမော်မော်ဦးကိုလည်း ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေရသည်ဟု ဦးဆန်းအေးကျော်က ပြောသည်။

ဖေဖော်ဝါရီ ၂၁ကတည်းက ဖမ်းဆီးခံရသည့် ဦးဉာဏ်ဝင်းမှာ စစ်ကြောရေးတွင် တစ်လကျော်နေခဲ့ရပြီးမှ အင်းစိန်ထောင်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/Ew_fDoX_FXs]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button