
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရသည်ဟု ထောင်အာဏာပိုင်က အတည်ပြုသည်။
ဦးဉာဏ်ဝင်းနည်းတူ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာန တာဝန်ခံ ဒေါက်တာမော်မော်ဦးကိုလည်း ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေရသည်ဟု ဦးဆန်းအေးကျော်က ပြောသည်။
ဖေဖော်ဝါရီ ၂၁ကတည်းက ဖမ်းဆီးခံရသည့် ဦးဉာဏ်ဝင်းမှာ စစ်ကြောရေးတွင် တစ်လကျော်နေခဲ့ရပြီးမှ အင်းစိန်ထောင်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – Myanmar Now
[youtube https://youtu.be/Ew_fDoX_FXs]