
ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့ကြသည့် စစ်ဘေးတိမ်းရှောင်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် မိုးရာသီရောက်လာသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ပိုမိုကြုံတွေ့နေကြရပါသည်။
စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် မေလကစတင်ကာ ဒေသခံပြည့်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးမှုများရှိသလို စစ်ကောင်စီတပ်ဖွဲ့များ၏ မြို့ရွာတွေထဲအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အများအပြားသေဆုံးဒဏ်ရာရခဲ့ကြပါသည်။
[youtube https://youtu.be/ebcXjvOPTzQ]



