အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ဒေသခံ ၃၀ ကျော်သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင် ဇူလိုင် ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ ဒေသခံ PDF အဖွဲ့၏ ထုတ်ပြန်ချက်အရ ဆပ်ပြာကျင်းကျေးရွာအနီးတွင် ဇူလိုင် ၂ ရက် နံနက်ခင်းနှင့် ညနေပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများပါ အသုံးပြုတိုက်ခဲ့သည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၃၁ ဦး၏ ရုပ်အလောင်းများကို ကောက်ယူရရှိထားပြီး သေဆုံးသူများတွင် PDF အဖွဲ့ဝင်များသာမက ဒေသခံ အရပ်သားပြည်သူများလည်း ပါဝင်ကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

[youtube https://youtu.be/OtoYTm0D5II]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles