ရုပ်သံသတင်း

စစ်အာဏာရှင်အလိုမရှိကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

မန္တလေးတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများဦးဆောင်ပြီး စစ်အာဏာရှင်မလိုမရှိကြောင်း မန္တလေးမြို့တွင် ယနေ့ ဇူလိုင်၂ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။ စစ်အာဏာသိမ်းမှု ငါးလပြည့်ခဲ့သော်လည်း စစ်ကောင်စီ​၏ အုပ်ချုပ်ရေးယန္တရားများမလည်ပတ်နိုင်သေးသလို နေရာစုံ အာဏာဖီဆန်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်ကောင်စီ​၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ဆန္ဒပြပွဲများ ပြောက်ကျားပုံစုံပြောင်းလာသလို စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး ပြန်လည်ခုခံသည့် လက်နက်ကိုင်တိုက်ပွဲများလည်း နေရာအနှံ့ ဖြစ်ပေါ်လာနေဖြစ်သည်။

[youtube https://youtu.be/XnkfE89-n4c]

Show More

Related Articles

Back to top button