ရုပ်သံသတင်း

စစ်အာဏာသိမ်းပြီး ငါးလအကြာ မန္တလေးအခြေအနေ

စစ်အာဏာသိမ်းမှု ငါးလကြာလာသည့် အချိန်တွင် မန္တလေးမြို့ လမ်းမများပေါ်တွင် ခြောက်ကပ်ပြီး လှုပ်ရှားသွားလာသူများ အနည်းငယ်သာရှိပါတော့သည်။ မြို့ပြပြောက်ကျားတိုက်ပွဲများသည် မန္တလေးမြို့ပေါ်အထိရောက်လာခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြုပြီး အင်အားအလွန်အကျွံသုံးစွဲခဲ့တာကို တွေ့မြင်ရသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်ကိုင်စစ်တပ်က ပစ်သတ်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူ ၉၀၀ ခန့်ရှိနေပြီး၊ မန္တလေးတိုင်းအတွင်းတွင် သေဆုံးသူ ၂၀၀ ကျော်ရှိသည်။

သတင်းနှင့်ရိုက်ကူး – Myanmar Now

[youtube https://youtu.be/gJGob2eqPWY]

Show More

Related Articles

Back to top button