
၁၉၈၈ − ရှစ်လေးလုံးအရေးတော်ပုံ
အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သော ရဟန်းရှင်လူပြည်သူများ၏ ဆန္ဒပြပွဲကြီးများ နိုင်ငံတစ်ဝန်း ပေါ်ပေါက်ခဲ့သည်။ ဒီမိုကရေစီတောင်းဆိုသော ထိုဆန္ဒပြပွဲများမှာ ဗိုလ်ချုပ်ကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြင့် ချုပ်ငြိမ်းခဲ့ရသည်။ ‘၈၈၈၈’ အရေးတော်ပုံတွင် လူပေါင်းထောင်ချီ သေဆုံးခဲ့သည်။
၁၉၉၀ − ပါတီစုံအထွေထွေရွေးကောက်ပွဲ
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က မဲရလဒ်ကို မျက်ကွယ်ပြုခဲ့ သည်။ NLD အမတ်များ ဖမ်းဆီးထောင်ချခံခဲ့ရပြီး စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်ခဲ့သည်။
၁၉၉၇ − နဝတမှ နအဖသို့
ဗိုလ်ချုပ်ကြီးသန်းရွှေဦးဆောင်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည်။
၂၀၀၃ − ဒီပဲယင်းတိုက်ခိုက်ခံရမှု
ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်သို့ ရောက်ရှိစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ၊ စစ်တပ်လိုလားသူများ ဦးစီးသော လူမိုက်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့ရသည်။ ထိုဖြစ်စဥ်တွင် ဒေါ်အောင်ဆန်းစုကြည် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အကျယ်ချုပ်ချခံခဲ့ရသည်။ ထိုဖြစ်စဥ်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ လူထုဆန္ဒ ခံယူပြွကျင်းပရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် လွှတ်တော်ခေါ်ယူရေးတို့ ပါဝင်သော အချက် ၇ ချက်ပါ နိုင်ငံရေလမ်းပြမြေပုံကို ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ကြေညာခဲ့သည်။
၂၀၀၄ − ဗိုလ်ချုပ်ကြီးခင်ညွန့်
ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းပြီး ၎င်းဦးစီးသော စစ်ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခဲ့ သည်။ ၁၉၈၈ အရေးတော်ပုံမှ နာမည်ကျော် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် မင်းကိုနိုင်နှင့် ကိုကိုကြီးအပါအဝင် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို ထောင်မှလွှတ်ပေးခဲ့သည်။
၂၀၀၇ − ရွှေဝါရောင်တော်လှန်ရေး
လောင်စာဆီဈေးနှုန်း မြင့်တက်ရာမှစ၍ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့သည်။ ဒီမိုကရေစီကိုထောက်ခံသော ရွှေဝါရောင်တော်လှန်ရေးကို စစ်တပ်က အကြမ်းဖက် သတ်ဖြတ်နှီမ်နင်းခဲ့သည်။ မင်းကိုနိုင်နှင့် ကိုကိုကြီးအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် ချခဲ့သည်။ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစေကာ ပြည်သူများကို ချွေးသိပ်ရင်း စစ်တပ်က နိုင်ငံရေးလှည့်ကွက်ခင်းခဲ့သည်။
၂၀၀၈ − နာဂစ်မုန်တိုင်း
မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့ပြီး လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့သည်။ နာဂစ်တိုက်ခတ်သည့် မေလ၌ပင် စစ်တပ်က ၎င်းတို့ စိတ်ကြိုက်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။
၂၀၀၉ − ဂျွန်ယက်တော
ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို့ ဂျွန်ယက်တောအမည်ရှိ အမေရိကန်နိုင်ငံသားတစ်ဦး အင်းလျားကန်ဘက်မှ ရေကူးကာ ခိုးဝင်မှုပေါ်ပေါက်ခဲ့သည်။ ယက်တောကိစ္စ ဧည့်စာရင်းမတိုင်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်ခဲ့သည်။ ၂၀၁၀ တွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်မပြိုင်နိုင်စေရန် ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၀ − NLD မပါသော ပါတီစုံရွေးကောက်ပွဲ
စစ်ဗိုလ်ချုပ်များ ဦးစီးကာ ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲ ကျင်းပခဲ့သည်။ NLD ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသော ထိုရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ် ဟောင်းများ ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအမပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၁၁ − စစ်ဗိုလ်ချုပ်ဟောင်း၏ အစိုးရအဖွဲ့သစ်၊ လွှတ်တော်ခေါ်ယူ
ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အမည်ခံ အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီး နအဖအစိုးရဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သမ္မတအဖြစ် တာဝန်ယူသည်။ ပထမအကြိမ်လွှတ်တော်များ ခေါ်ယူသည်။
၂၀၁၂ − ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ တိုင်းပြည်ကောင်း စားရေးအတွက် စစ်တပ်က ၎င်းကိုအသုံးချလိုပါက အသုံးချခံမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂၀၁၅ -၂၀၁၆ − ရွေးကောက်ပွဲအနိုင်ရပြီး NLD အစိုးရဖွဲ့နိုင်
အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် အစိုးရဖွဲ့နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ NLD ပါတီသည် စစ်တပ်အလိုကျပြုမူနေပြီး တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်း သည်ဟု ဝေဖန်ခံခဲ့ရသည်။
၂၀၂၀ − စစ်တပ်ခလောက်ဆန်မှုကြားမှ NLD အပြတ်အသတ်အောင်ပွဲ
ရွေးကောက်ပွဲမတိုင်မီကပင် တပ်ချုပ်မင်းအောင်လှိုင်က ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ အချို့နှင့် ပူးပေါင်းကာ တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုရင်း အာဏာ သိမ်းယူရန် လေသံပစ်ခဲ့သည်။ ရွေးကောက်ပွဲမကျင်းပမီတစ်ရက်အလို နိုဝင်ဘာ ၇ တွင် စစ်အာဏာသိမ်း မှုကောင်းကြောင်း ဝါဒဖြန့်ရုပ်ရှင်ဖြစ်သည့် ‘အဖေနှင့်သားများ’ ဇာတ်ကားကို စစ်တပ်ပိုင် မြဝတီရုပ်သံ က ထုတ်လွှင့်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

၂၀၂၁ − စစ်အာဏာသိမ်း
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူခဲ့သည်။ စစ်အာဏာရှင်ဆန့်ကျင်သော ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းပေါ်ပေါက်ခဲ့သည်။ စစ်တပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်မှုများကြောင့် လူပေါင်းတစ်ထောင်နီးပါး သေဆုံးခဲ့ပြီး ထောင်နှင့်ချီ ဖမ်းဆီးခံ ထားရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရာလက်နက်ဖြင့် အာဏာသိမ်းစစ်ကောင်စီကို ခုခံတော် လှန်ရေးတိုက်ပွဲများ ပေါ်ပေါက်လျက်ရှိသည်။ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်း အပြင်း အထန်ရိုက်ခတ်ပြီး လူသောင်းချီသေဆုံးသည်။ အာဏာသိမ်းမှုနှင့် ကိုဗစ်မည်သော နှစ်ထပ်ကွမ်း ဘေးဆိုးကြောင့် တိုင်းသူပြည်သူများ အတိဒုက္ခရောက်ရှိနေသည်။