အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အကျဉ်းကျသတင်းထောက် မြင်တွေ့ခဲ့ရတဲ့ ဦးကိုနီလုပ်ကြံမှုတရားခံ ကြည်လင်းရဲ့ ထောင်တွင်းအခြေအနေ

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့  အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ထဲမှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ကိုဖိုးသားအနေနဲ့  ထောင်တွင်းဖြတ်သန်းမှုအတွင်း  နိုင်ငံရေးအကျဉ်းသားတွေသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ  လုပ်ကြံမှုက တရားခံ ကြည်လင်းအပါအဝင် နာမည်ကျော် ရာဇဝတ်မှု  တရားခံတွေနဲ့ပါ ဆုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ မြန်မာနောင်းဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ  အင်းစိန်ထောင်ထဲမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ထောင်တွင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရလဲ။  ဦးကိုနီလုပ်ကြံမှုတရားခံ ကြည်လင်း  ရဲ့ လက်ရှိအခြေအနေတွေကရော ဘယ်လိုရှိနေလဲဆိုတာ ကို ကိုဇော်လင်းထွဋ် (ခ) ဖိုးသားကို Myanmar Nowသတင်းထောက် မသဇင်လှိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

ရိုက်ကူး/တည်းဖြတ် – မြတ်ကြီး

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles