အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှုခေတ်ကုန်သွားပြီလို့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ကနေဒါဝန်ကြီးချုပ် ပြော

နှစ်စဉ် ကျင်းပမြဲ ၅၆ ကြိမ်မြောက် ‘ကမ္ဘာ့စီးပွးရေးဖိုရမ်’ ကို  ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ် (Davos) မြို့မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်အတွက် ကျင်းပတဲ့ အခုဖိုရမ်ကိုတော့ နိုင်ငံတော်အကြီးအကဲ ၆၅ ယောက်လောက်အပြင်၊ နိုင်ငံပေါင်း ၁၃၀ က ကမ္ဘာ့ထိပ်သီး ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေနဲ့ ဥက္ကဋ္ဌပေါင်း ၈၅၀ နီးပါးလည်း ပါဝင်တက်ရောက်နေတယ်လို့ သိရပြီး ဒီနှစ်ဖိုရမ်ရဲ့ ဆောင်ပုဒ်ကတော့ “ဆွေးနွေးညှိနှိုင်းခြင်း၏ အနှစ်သာရ” ‘A Spirit of Dialogue’ လို့ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံး စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ဒီဖိုရမ်မှာ အဲဒီပြဿနာတွေကို   ဖြေရှင်းဖို့အတွက် G7၊ G20 နဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတွေရဲ့   BRICS အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်နေကြပါတယ်။ 

ဒီဖိုရမ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကို  လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့တဲ့ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေရဲ့ မိန့်ခွန်းမှာတော့ အမေရိကန်ရဲ့ ဗိုလ်ကျစိုးမိုးမှု ခေတ်ကုန်သွားပြီလို့ ဆိုရမယ့် ကာလတစ်ခုကို ရောက်နေပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူက  အင်အားကြီးနိုင်ငံတွေ အချင်းချင်း ပြိုင်ဆိုင်နေတဲ့ ခေတ်ကို ရောက်နေကြောင်း၊ စည်းမျဉ်းအခြေခံတဲ့ ကမ္ဘာ့စနစ်က မှေးမှိန် ပျက်ပြားလာတဲ့အကြောင်း၊  အင်အားကြီးတဲ့သူက လုပ်ချင်ရာလုပ်ပြီး အင်အားနည်းတဲ့သူကတော့ ခံစားနေရတယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် “အလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံတွေ  အချင်းချင်း စုစည်းဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button