ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းမှာ ဇန်နဝါရီ ၇ ရက်ကစပြီး တစ်ပတ်အတွင်း စစ်ရေးအရှိန် မြင့်လာပြီး တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။
တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်သလို တော်လှန်ရေးတပ်တွေကလည်း စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေဆဲ ဖြစ်ပါတယ်။
ပဲခူးတိုင်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စစ်တောင်းမြစ်ဝှမ်းဒေသ “အောင်မြင်စစ်ဆင်ရေး” အဖြစ် စစ်ကောင်စီ တပ်စခန်းနေရာ ၂၀ ကျော်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်တောင်းမြစ်ဝှမ်းဒေသဆိုတာဟာ စစ်ရေးအတွက် အရေးပါတဲ့ ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်နေတာမလို့ ပြည်သူတွေအနေနဲ့ စစ်ရေး အသိ၊ သတိ ထားပြီး နေထိုင်သွားလာကြဖို့နဲ့ စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံတယ်လို့ NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက Myanmar Now ကိုပြောပါတယ်။
သတင်း/တင်ဆက်-သဇင်လှိုင် ရိုက်ကူး-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



