အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်လက်နက်ကိုင်လေးဖွဲ့ KNU ဗဟိုဌာနချုပ်၌ တွေ့ဆုံဆွေးနွေးမည်

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ)၊ ကရင်နယ်ကြားစောင့်တပ်ဖွဲ့ (BGF) တို့ KNU ဗဟိုဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၁၅ ရက်တွင် စတင်မည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ နှစ်ရက်ကြာတွေ့ဆုံမှုအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လက်နက်ကိုင်များ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး အဆိုပါ လေးဖွဲ့အနက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ 

တွေ့ဆုံပွဲတွင် ကရင်လေးဖွဲ့အကြား နားလည်မှုရရှိရေး၊ တပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံထိတွေ့မှုများမဖြစ်ရေး ဆွေးနွေးသွားရန်ရှိသည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် မေလအတွင်းက KNU တပ်မဟာ(၅) နှင့် BGF အကြား တိုက်ပွဲဖြစ်ပွားမှုကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိသည်ဟု ဆိုသည်။ 

“တပ်မဟာ (၅) မှာဖြစ်တာက သူတို့နေရာပဲနေတယ်ဆို ပဋိပက္ခကမဖြစ်ဘူး။ ဒါပေမဲ့ အခုက စစ်ကောင်စီရဲ့လက်အောက်မှာ နေတဲ့အခါကျတော့ စစ်ကောင်စီက ခိုင်းတဲ့အခါကျတော့ သူတို့ (BGF) လည်း မလွဲမသွေလိုက်ပါတဲ့အခါကျတော့ ဖြစ်သွားတာ”ဟု အဆိုပါ KNU တာဝန်ရှိသူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ(၅) ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ဒေသ၌ အများဆုံးဖြစ်ပွားခဲ့သည်။ 

အာဏာသိမ်းပြီး လေးလကျော်ကာလအတွင်း ၎င်းတို့နှင့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟုလည်း KNU က သတင်းထုတ်ပြန်ခဲ့သည်။ 

ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့၏ တွေ့ဆုံပွဲနှင့် ပတ်သက်၍ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “အခုလောလောဆယ် သိရတာက DKBA ဘက်ကတော့ ဒုစစ်ဦးစီးချုပ်တက်မယ်ကြားတယ်။ BGF ကတော့ ဗိုလ်ချစ်သူတို့ တက်မယ်ထင်တယ်။ KNU ကတော့ စစ်ဦးချုပ်တို့ဘာတို့ တက်မှာပေါ့။ ဘာတွေထူးမလဲဆို လက်ရှိအခြေအနေတွေ ဆွေးနွေးမှာပေါ့” ဟု ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button