အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံအနှံ့ကို ပျံ့သွားလို့ အလွန်အန္တရာယ်ကြီးသွားပြီ”

ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းတဲ့ နည်းလမ်းတွေဟာ မမှန်ကန်တာကြောင့် လက်ရှိမှာဆိုရင် နိုင်ငံအနှံ့အပြားကို ပုံစံမျိုးစံနဲ့ ပျံ့နှံ့သွားပြီလို့  ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ကျားဖြန့်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ပေါင်းပြီး အဆောက်အအုံတွေ ဖြိုဖျက်တာ၊ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းတွေကို ဖျက်ဆီးတာတွေနဲ့ ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို နေရပ်ပြန်ပို့နေပေမဲ့လည်း ကျားဖြန့်လုပ်ငန်းတွေက နယ်စပ်တစ်လျောက်မှာ ဆက်လက်ကြီးထွားနေတယ်လို့ KNU က ဆိုပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် တိုင်းပြည်ဟာ အလွန်အန္တာရာယ်ကြီးမားတဲ့ အခြေအနေကို ရောက်ရှိနေတာကြောင့် နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ KNU က တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။

စစ်တပ်နဲ့ BGF တို့ပေါင်းပြီး လုပ်တဲ့ ကျားဖြန့် နှိမ်နင်းရေး အစီအစဉ်နဲ့ KNU က လုပ်တဲ့ ကျားဖြန့် တိုက်ဖျက်ရေး အစီအစဉ်က ဘာတွေ ကွာခြားမှုရှိပါသလဲ။ ကျားဖြန့်တိုက်ဖျက်ရေးတွေက တကယ်ကော မြေပြင်မှာ သက်ရောက်မှု ရှိရဲ့လား။ 

လက်ရှိ ဘယ်နေရာတွေမှာ ကျားဖြန့်ဆိုက်ဒ်အသစ်တွေ ပေါ်ထွက်လာနေပါသလဲ။ 

KNU  နဲ့ DKBA ရဲ့ ဆက်ဆံရေးအပါအဝင် အမေရိကန် အစိုးရက ဖော်ဆောင်နေတဲ့ 

အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အထူးတပ်ဖွဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး 

KNU  အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။ 

မေးမြန်း – အောင်နိုင်၊ ရိုက်ကူး၊ တည်းဖြတ် – ကိုလှိုင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button