ပင်လယ်နက်ဒေသက ရုရှားရဲ့ နိုဗိုရော့စိခ် (Novorossiysk) ရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ရေအောက်ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (SBU) က တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျမယ့် ဒီရေငုပ်သင်္ဘောဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ယူကရိန်း အရာရှိတွေကတော့ ရေငုပ်သင်္ဘောအမျိုးအစားကို ရေအောက်တိုက်ခိုက်ရေးဒရုန်းတွေနဲ့ အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယူကရိန်းရဲ့ ရေကြောင်း စစ်ဆင်ရေးတွေ ပိုမို တိုးတက်လာတာကို မြင်တွေ့ရတာဖြစ်တယ်လို့ ပြောပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



