အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ကျန်းမာဖို့ ဆေးလာကုတာ၊ ဗုံးကြဲလို့ သေသွားကြရတယ်”

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ခရိုင်အဆင့်ဆေးရုံကို ဒီဇင်ဘာ ၁၁ရက် ညပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် လူ ၃၀ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး၊ အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။ 

အာရက္ခတပ်တော် AA သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ၁၄မြို့နယ်က ဒေသခံတွေ အားထားရတဲ့ မြောက်ဦးဆေးရုံဗုံးကြဲခံရမှုကြောင့် သေဆုံးသူတွေထဲမှာ ဆေးလာကုတဲ့ လူနာတွေ၊ လူနာစောင့်တွေအပြင် ကျန်မာရေးဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ဆေးရုံပင်မဆောင်၊ ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံတစ်ခုလုံးနီးပါးလည်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ပါတယ်။ 

ဗုံးကြဲခံရပြီးအခြေအနေ မြေပြင်သတင်းပေးပို့ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

သတင်း၊ တင်ဆက် – ညီထွေး  

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button