အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခ အခြေအနေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ်ပဋိပက္ခဟာ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်အထိ ဆက်လက် ဖြစ်ပွားနေပြီး မနေ့က ပစ်ခတ်မှုတွေမှာ ထိုင်းဘက်က ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့  ထိုင်းသတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီလောက်မှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက မော်တာကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့   ဆာကေးအိုးပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်နားမှာ   ထိုင်းစစ်သားတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်အထိ    ထိုင်းစစ်သား  စုစုပေါင်း ၇ ဦးအထိ ကျဆုံးသွားပြီလို့ သိရပါတယ်၊။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button