အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU စီးနင်းထားသည့် ကျားဖြန့်အလုပ်ရုံအနီးကို စစ်တပ်ဗုံးကြဲ

နိုဝင်ဘာလ ၂၁ ရက်နေ့ က DKBA အစောင့်အရှောက်ဖြင့် လည်ပတ်နေသည့် ကျားဖြန့်ရုံကို KNU ၏ စီးနင်းမှုအတွင်းတွင် ငွေလိမ်ဂိုဏ်း၌ လုပ်ကိုင်နေသည့် လူဦးရေ ၂၀၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ အသုံးပြုသည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများကိုပါ စနစ်တကျသိမ်းဆည်းထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် နှစ်ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များစီးနင်းခဲ့သည့် အွန်လိုင်း ငွေလိမ်လုပ်ငန်းခွင် (ကျားဖြန့်)နေရာအနီးသို့ စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ယနေ့(နိုဝင်ဘာလ ၂၆ ရက်နေ့)တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။​

ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက် ၁၀ မိုင်ခန့်ရှိ မင်းလက်ပံရွာနှင့် ဖလူးရွာအကြားကို စစ်တပ်က MiG 29 လေယာဉ်နှစ်စီးဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း KNUနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မင်းလက်ပံရွာသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ရွာဖြစ်ပြီး DKBA၏ အကာအကွယ်ပေးမှုအောက်တွင် လည်ပတ်နေသည့် ကျားဖြန့်အလုပ်ရုံတစ်ခုကို KNUနှင့် ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။

ထိုသို့စီးနင်းစဉ် ကျားဖြန့်လုပ်ငန်းခွင်ရှိ DKBA တပ်က ပြန်လည်ခုခံပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း အင်အား ၂၃၀ ခန့်ရှိသည့် DKBA တပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ရသည်ဟု KNU က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုကျားဖြန့်အလုပ်ရုံအနီးကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ကျားဖြန့်အလုပ်ရုံအတွင်း ဗုံးကျရောက်မှုမရှိကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။

“လူနေအဆောက်အအုံတွေကို ကြဲတာ၊ ဆိုက်တွေကို ကြဲတာတော့မဟုတ်ဘူး”ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် KNU က မင်းလက်ပံအပါဝင် ဖလူးဒေသအတွင်း ဝင်ထွက်သွားလာမှုကို ကန့်သတ်ထား သဖြင့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း သတင်းရင်းမြစ်နှစ်ဦးလုံးက ပြောသည်။

ဗုံးကြဲခံရသည့်အခြေအနေ ပိုမိုသိရှိနိုင်ရန် KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

နိုဝင်ဘာလ ၂၁ ရက်နေ့ က DKBA အစောင့်အရှောက်ဖြင့် လည်ပတ်နေသည့် ကျားဖြန့်ရုံကို KNU ၏ စီးနင်းမှုအတွင်းတွင် ငွေလိမ်ဂိုဏ်း၌ လုပ်ကိုင်နေသည့် လူဦးရေ ၂၀၀၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများကိုပါ စနစ်တကျသိမ်းဆည်းထားသည်ဟု KNU က ထုတ်ပြန်ထားသည်။​

ထိန်းသိမ်းထားသူများအနက် တရုတ်၊ အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံသားများပါဝင်ပြီး ယင်းအနက် ထိုင်းနိုင်ငံသား ၂၈ ဦးကို ထိုင်းအစိုးရထံ လွှဲပြောင်း ပေးအပ်ထားသည်ဟု KNU က အသိပေးထားသည်။​

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့သိမ်းထားသည့် ငွေလိမ်လုပ်ငန်းရုံကို အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရနိုင်ခြေရှိကြောင်း စိုးရိမ်ချက်များဖြင့် ထိန်းသိမ်းခံရသူများအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံတကာအနေဖြင့် ငွေလိမ်လုပ်ငန်းကို ထိရောက်စွာဖြိုခွင်းနိုင်ရန် လေးနက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း KNU က မေတ္တာရပ်ခံထားသည်။

မြဝတီဒေသရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကျောက်ခတ်၊ KK park အမည်ရ ကျားဖြန့်အလုပ်ရုံ များကို စစ်တပ်ကလည်း အောက်တိုဘာလ လလယ်ခန့်မှစ၍ ဝင်ရောက်စီးနင်းပြ၍ အဆောက်အအုံများကို နေ့စဉ် ဗုံးခွဲဖျက်ဆီးပြလျက်ရှိသည်။

Related Articles

Back to top button