အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အာရက္ခတပ်တော်နဲ့ ချင်းညီနောင် ဘာတွေဆွေးနွေးခဲ့ကြလဲ

“စစ်တပ်ထိုးစစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ကြမလဲဆိုတာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမြေပြင်မှာလည်း အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းလုပ်နေတာတွေ ရှိပါတယ်” – ဆလိုင်းယောမန်၊ ချင်းညီနောင်အဖွဲ့ 

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့  အင်အားကြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲက ချင်းညီနောင်အဖွဲ့ (CB) ဟာ  ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့  အာရက္ခတပ်တော် (AA) နဲ့ အောက်တိုဘာလထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

ချင်းပြည်နယ်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းစတဲ့မြို့တွေကို စစ်တပ်လက်ထဲကနေသိမ်းထားနိုင်တဲ့ ချင်းညီနောင်နဲ့ AA တို့ကြား စစ်ရေးပူးပေါင်းချိတ်ဆက်ခဲ့ကြတာတော့ ၂၀၂၃ ခုနှစ်ကတည်းကပါ။ AA သိမ်းပိုက်ထားချုပ်ထားနိုင်တဲ့ ရခိုင်ပြည်နယ်ထဲမှာ အခု တွေ့ဆုံဆွေးနွေးမှုကိုလုပ်ခဲ့တယ်လို့ သိရပြီး မြို့ကြီးအချို့ကိုပါ ချင်းညီနောင်ခေါင်းဆောင်တွေ လေ့လာရေးသွားခဲ့ကြပါတယ်။

တွေ့ဆုံမှုတွေအတွင်း စစ်ရေးအပြင် ပြည်နယ်၂ခုကြား စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က Myanmar Now ကို ပြောပါတယ်။ ဆွေးနွေးမှုအခြေတွေနဲ့ပတ်သက်ပြီး ဆလိုင်းယောမန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေးမြန်း-မြတ်ကြီး/Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button