အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဝေမိုးနိုင် ရှေ့နေနှင့် ပထမဆုံးအကြိမ်တွေ့ခွင့်ရ

ပုဒ်မ ၁၀ ခုဖြင့် အမှုဖွင့်ခံထားရသည့် မုံရွာမြို့မှ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်သည် ယမန်နေ့ (မေ ၂၇) က ရှေ့နေနှင့် ပထမဆုံးအကြိမ် တွေ့ခွင့်ရပြီး မိသားစုကလည်း ပထမဆုံးအကြိမ် ပစ္စည်းပို့ခွင့်ရသည်ဟု သူ၏ မိခင်ဖြစ်သူက  Myanmar Now ကို ပြောသည်။

မုံရွာထောင်တွင်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ၎င်း၏ ကိုယ်စားလှယ်လွှဲစာရရှေ့နေများနှင့် တွေ့ကြခြင်းဖြစ်သည်ဟု ဒေါ်မိုးစန္ဒာကြူက ပြောသည်။

“မနေ့က ရှေ့နေတွေက ၅၀၅-က အတွက် လာတာဆိုတော့ အမှုအခြေအနေကလည်း ၅၀၅-က နဲ့ ပတ်သက်တာပဲ ရသွားတဲ့သဘောပေါ့နော်။ သူ့အတွက် တရားခွင်ကို ရှေ့နေခေါ်ခွင့်ရတာ မနေ့က ပထမဦးဆုံးပေါ့” ဟု ၎င်းက ပြောသည်။

“သူ ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေတွေဆီက သိရတယ်။ ဒဏ်ရာဒဏ်ချက်တွေမရှိတော့ဘူး။ ရှေ့ပိုင်းမှာလည်း တခြားအမှုတွေအတွက် ရုံးထုတ်သွားတာရှိတယ်လို့ သိရပါတယ်”  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရုံးထုတ်စစ်ဆေးနေသည့် အမှုများတွင် ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၉၅ တို့လည်း ပါဝင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

ပုဒ်မ ၃၀၂ အတွက် ဇွန်လ ၂ ရက်၊ ပုဒ်မ ၅၀၅-က အတွက် ဇွန်လ ၃ ရက်တို့တွင် ဆက်လက်စစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသည်ဟု မိခင်ဖြစ်သူက ဆိုသည်။

စစ်ကောင်စီက ဖမ်းထားသည့် အခြား တက်ကြွလှုပ်ရှားသူများနည်းတူ ကိုဝေမိုးနိုင်လည်း မိသားစုနှင့် တွေ့ခွင့်မရသေးပေ။

မုံရွာမြို့ လမ်းပေါ်တွင် ဆိုင်ကယ်စီးပြီး ချီတက်ဆန္ဒပြနေသော ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ကိုဝေမိုးနိုင် စွပ်စွဲခံရသည့် ပုဒ်မ ၁၀ ခုမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ လူကိုမတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ဓားပြမှု ပုဒ်မ ၃၉၅၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄၊ တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ်ထိုက်သော ပြစ်မှုကျူးလွန်ရန် အားထုတ်ခြင်း ပုဒ်မ ၅၁၁ တို့ဖြစ်သည်။

မုံရွာမြို့မှ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒေသခံများ၊ ရပ်ဝေးမှ ထောက်ခံသူများက ပန်ဒါလေးဟုလည်း ချစ်စနိုး အမည်ပေးထားကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button