အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လက်နက်ကိုင် သုံးဖွဲ့ကို လက်နက်ခဲယမ်း၊ ငွေကြေးမပံ့ပိုးတော့ဘူးလို့ ‘ဝ’ တပ်ဖွဲ့ ဘာကြောင့် ထုတ်ပြောတာလဲ

UWSA လို့ လူသိများတဲ့ ‘၀’ တပ်ဖွဲ့က သူ့ရဲ့မဟာမိတ်တွေ ဖြစ်တဲ့  ရှမ်းတပ် SSPP/SSA ၊ ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နဲ့  တအာင်းတပ် TNLA တို့ကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ ‘၀’ တပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေး WSTVက ဩဂုတ်လ၂၀ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာပါတယ်။ 

ဒီကြေညာချက်ဟာ UWSA ‘ဝ’ တပ်ဖွဲ့ရဲ့ ဌာနချုပ် ပန်ဆန်းကို စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ရောက်လာပြီး သီတင်းနှစ်ပတ်အကြာမှာ ထွက်ပေါ်လာတာပါ။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ တစ်ဦးကတော့ ‘၀’ တပ်ဖွဲ့အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို လက်နက်နဲဲ့ ငွေကြေး မထောက်ပံံ့တော့ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုရတာဟာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ ဖိအား နဲ့ ခြိမ်းခြောက်မှုတွေကို ပြင်းပြင်းထန်ထန် ခံနေရလို့သာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ 

တရုတ်ရဲ့ဖိအားက ‘၀’ တပ်ဖွဲ့ ရဲ့ ရပ်တည်ရေးကိုပါ ထိခိုက်လာနိုင်တာကြောင့် တရုတ်အလိုကျ လုပ်ဆောင်ပေးရခြင်း ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေးလေ့လာသူက Myanmar Now ကို ပြောပါတယ်။ 

တရုတ်-မြန်မာနယ်စပ်မှာအခြေပြုတဲ့ ‘ဝ’တပ်ဖွဲ့ဟာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ အခြေခံစားကုန်တွေကအစ တရုတ်ကိုအလွန်မှီခိုရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

ဒီအခြေအနေကို အသုံးချပြီး တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်တပ်ဆက်လက်ရပ်တည်ရေးအတွက် ‘ဝ’ တပ်ကို တိုက်ရိုက်ဖိအားပေးမှုတွေရှိသလို၊ ‘ဝ’ တပ်ကတဆင့် အခြားတိုင်းရင်းသားတပ်တွေကိုလည်း ဖိအားတွေပေးနေတယ်လို့ သိရှိရပါတယ်။ 

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button