အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မိုးကုတ်က စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ ၂၁ယောက် သေဆုံး

စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်တဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းက ဘုန်းကြီးကျောင်းကို ဩဂုတ်လ ၁၄ရက်နေ့  ည ၈နာရီကျော်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၁ ဦးသေဆုံးပြီး  ပျောက်ဆုံးသူတွေလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

သေဆုံးသူတွေဟာ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၅ဦးဖြစ်ပြီး၊ အဲ့ဒီထဲမှာ ကလေးငယ် တစ်ဦးအပါအဝင် မိသားစုလိုက် သေဆုံးသူ ငါးဦး၊ အဖိုးအဖွားနှစ်ဦးနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ကမ္ဘာကျော်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်တွေ ထွက်ရှိရာ မန္တလေးတိုင်း မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ်လယ်က ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းမှာ သိမ်းပိုက်ခဲ့တာပါ။ 

ဒီနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်တပ်ဟာ သူဆုံးရှုံသွားတဲ့နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ နေ့ရောညပါ လေယာဉ်တွေနဲ့ တရစပ်ဗုံးကြဲတာတွေ လုပ်နေပါတယ်။ 

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button