အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ဒီးမော့ဆိုကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးပမ်းနေ

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ကို ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

မြို့တော်လွိုင်ကော်ရဲ့ အနောက်တောင်ဘက် ၉မိုင်ကျော်အကွာက ဒီးမော့ဆိုမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့တာပါ။ ဒါပေမယ့် မြို့အနီးက အမှတ် ၁၀၂ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၄၂၇ ခြေမြန်တပ်ရင်းကိုတော့ အပြီးသတ် မသိမ်းနိုင်ခဲ့ဘဲ တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ 

ကရင်နီပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်နဲ့ ရှမ်း-ကရင်နီအစပ်က မိုးဗြဲမြို့တွေကို တော်လှန်ရေးတပ်တွေလက်ထဲကနေ ပြန်သိမ်းထားတဲ့ စစ်တပ်ဟာ အခုတော့ ဒီးမော့ဆိုကိုပါ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။ 

အခုဆိုရင် တော်လှန်ရေးတပ်တွေ အပြီးသတ်မသိမ်းနိုင်ခဲ့တဲ့ ဒီးမော့ဆိုမြို့အနီး တပ်ရင်း ၂ခုကနေ အင်အားပြန်ဖြည့်ပြီး စစ်ကြောင်း ၄ခုနဲ့ ဒီးမော့ဆိုမြို့ထဲကို ထိုးစစ်ဆင်လာတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်က ပြောပါတယ်။ 

စောရယ်၊ မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button