အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ကောင်စီ ကျူးလွန်မှုတွေ ရပ်တန့်စေဖို့ ကုလ၊ တရုတ်နဲ့ နိုင်ငံတကာကို TNLA အကူအညီတောင်း

အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီကျူးလွန်မှုတွေကို အမြန်ဆုံးရပ်တန့်စေရေး ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရတွေက ကူညီပေးကြဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇူလိုင်လ ၃၀ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရင်ကထက် ဗျူဟာမြောက်တဲ့ စီမံချက်တွေနဲ့ ဟန်ချက်ညီညီ စုပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ကြဖို့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို TNLA က တိုက်တွန်းထားပါတယ်။ 

တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့အများအပြား ကျရှုံးထားတဲ့ စစ်ကောင်စီတပ်ဟာ အဖက်ဖက်ကနေ ယိုယွင်းကျဆင်းပြီဖြစ်တာကြောင့် ဒီလိုအခြေအနေကောင်းကို အသုံးချပြီး တော်လှန်တိုက်ခိုက်ကြဖို့လည်း TNLA က အလေးအနက် တောင်းဆိုထားပါတယ်။ 

အခုနှစ် ဇွန်၊ ဇူလိုင်လတွေအတွင်း TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို စစ်ကောင်စီက လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာပါ။

Related Articles

Back to top button