အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းမျိုးစုံ ပိတ်ဆို့အရေးယူဖို့နဲ့ စစ်ကောင်စီက ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲကို တောင်ကိုရီးယားအစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက ဆိုးလ်မြို့မှာ ဇူလိုင်၂၀ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်နဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း ၂၄ခု ဟာ နွေဦးတော်လှန်ရေးအတွက် လိုလားချက် ၇ချက်ကို တောင်ကိုရီးယား သမ္မတရုံးမှာ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
အိတ်ဖွင့်ပေးစာထဲမှာ အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့ ၊ စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အပါအဝင် တောင်ကိုရီးယားအစိုးရသစ်အနေနဲ့ NUG ကိုယ်စားလှယ်ရုံးနဲ့ ဒီမိုကရေစီလှုပ်ရှားမှုအဖွဲ့တွေနဲ့ မကြာခဏတွေ့ဆုံဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
တောင်ကိုရီးယား သမ္မတသစ်ဖြစ်လာတဲ့ လီဂျယ်မြောင်ဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ နွေဦးတော်လှန်ရေးအပေါ် ထောက်ခံအားပေးသူဖြစ်ပြီး သမ္မတမဖြစ်မီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ချိန်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဒေါ်ဇင်မာအောင်၊ ဦးတင်ထွန်းနိုင်တို့နဲ့ လည်း ၂၀၂၄ခုနှစ်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။
မြတ်ကြီး/ Myanmar Now



