ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ သက်တော် ၆၁နှစ်အရွယ် ရွှေညဝါဆရာတော်ဟာ ဇူလိုင်လ ၁၀ရက်နေ့ မနက်အစောပိုင်းက အာရှတော်ဝင်ဆေးရုံမှာ အသည်းရောဂါနဲ့ ပျံလွန်တော်မူခဲ့တာပါ။
မှော်ဘီမြို့နယ်၊ ရွှေညဝါသာသနာပြုကျောင်းတိုက်မှာ ဇူလိုင် ၁၆ရက်နေ့က ဆရာတော်ရဲ့ အန္တိမဈာပန ကျင်းပခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်က ဖမ်းဆီးခဲ့သူတွေထဲ ရွှေညဝါဆရာတော်လည်း ပါဝင်ခဲ့ပါတယ်။
ကျန်းမာသန်စွမ်းပြီး တုတ်ခိုင်တဲ့ကိုယ်ခန္ဓာရှိတဲ့ ဆရာတော်ဟာ အင်းစိန်ထောင်ကနေ လွတ်မြောက်လာပြီးနောက် ကျန်းမာရေးအခြေအနေ တစ်စတစ်စ ဆုတ်ယုတ်လာပြီး၊ ခုလို ပျံလွန်တော်မူသွားတာ ဖြစ်ပါတယ်
စစ်တပ်ရဲ့ မတရားဖမ်းဆီး၊ အကျဉ်းချခံခဲ့ရတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဖမ်းဆီးခံရတဲ့နေ့၊ ထောင်က ပြန်လွတ်တဲ့နေ့နဲ့ နောက်ဆုံး သေဆုံးသွားတဲ့နေ့ပါ တိုက်တိုက်ဆိုင်ဆိုင် တစ်ရက်ထဲ ဖြစ်ပါတယ်။
ရုပ်သံ – ကိုကံကောင်း



