အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

နောင်ချိုမြို့ကို စစ်တပ်ထိန်းချုပ်လိုက်ပြီ၊ မြို့ပေါ်ကနေ ဆုတ်ပေးလိုက်ရပြီလို့ TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တစ်ခုလုံးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၅ရက်မှာ အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။

မေလကစလို့ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်ကောင်စီရဲ့ မြေပြင်၊ ဝေဟင်ထိုးစစ်တွေကြောင့် ဇူလိုင်လ ၁၅ရက်နေ့မှာတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေအားလုံးရပ်ဆိုင်းပြီး နောင်ချိုမြို့ပေါ်ကနေ ဆုတ်ခွာခဲ့ရတယ်လို့ တအာင်းတပ် TNLA က ဇူလိုင် ၁၆ရက်မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ 

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့နဲ့ လေကြောင်းအန္တရာယ်လမ်းညွှန်ချက်တွေကို လိုက်နာကြလို့လည်း TNLA က တိုက်တွန်းထားပါတယ်။ 

တောင်းခမ်းရွာကနေ  နောင်ချိုကို  စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၁ နဲ့  တပ်မ ၅၅ စစ်ကြောင်းတွေဟာ  ဇူလိုင် ၁၃ ရက်နေ့မှာ  နောင်ချိုမြို့ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်တွေကို  သိမ်းပိုက်ပြီး ဇူလိုင် ၁၅ ရက်နေ့မှာ ဈေးရပ်ကွက်နဲ့  မြို့ပေါ်နေရာအများစုကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်‌တွေ သိမ်းထားတဲ့အထဲက နောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားတဲ့ ဒုတိယမြောက်မြို့ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ရှမ်းမြောက်ရဲ့ မြို့တော်ဖြစ်တဲ့  လားရှိုးကနေ ကိုးကန့်တပ်က ၂၀၂၅  ဧပြီလမှာ ဆုတ်ခွာခဲ့ရပါတယ်။ 

ကျော်ဇင်ဝင်း၊ မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button