အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဝန်ထမ်းတွေရဲ့ သားသမီးနဲ့ ဇနီး၊ခင်ပွန်းတွေ ပြည်ပထွက်ခွင့် စစ်ကောင်စီ တင်းကျပ်လိုက်ပြီ

ဌာနဆိုင်ရာအသီးသီးက အရာထမ်း၊ အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ ပြည်ပခရီးသွားလာခွင့်ကို စစ်ကောင်စီက တင်းကျပ်လိုက်ပါတယ်။  

ဝန်ထမ်းတွေရဲ့ သားသမီးနဲ့ ဇနီး၊ ခင်ပွန်းလို မိသားစုဝင်တွေအနေနဲ့ ပညာသင်ဖို့နဲ့ ဆေးကုဖို့အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားလာမယ်ဆိုရင် စစ်ကောင်စီရုံးရဲ့ စိစစ်ခွင့်ပြုချက်နဲ့မှ ထွက်ခွာခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ 

ဝန်ထမ်းတွေ ပြည်ပခရီးထွက်ခွင့်ကို အရင်ကတည်းက တင်းကျပ်ခဲ့တာရှိပေမယ့် မိသားစုဝင်တွေအထိ အခုလို တင်းကျပ်လာတာကတော့ ပထမဆုံးဖြစ်တယ်လို့ နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ 

ဒီညွှန်ကြားချက်ဟာ ဇွန်လကုန်ပိုင်းမှာ စတင်အသက်ဝင်တာဖြစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (Passport)ပတ်စ်ပို့ရုံးတွေအနေနဲ့လည်း ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့လျှောက်လာရင် သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ခွင့်ပြုချက်ပါမှ ထုတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ပတ်စ်ပို့ရုံးတွေကို အကြောင်းကြားထားတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ 

နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ဘယ်သူ၊ ဘယ်ဝါဟာ ဝန်ထမ်းမိသားစုဝင်ဖြစ်တယ်ဆိုတာကို ပတ်စ်ပို့ရုံးတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ စိစစ်သွားမလဲဆိုတာတော့ အတိအကျမသိရသေးပေမယ့် Myanmar Now က ဖတ်ရှုခွင့်ရတဲ့ အထက်ပါ အကြောင်းကြားစာထဲမှာတော့ “အဆင့်ဆင့်ကြတ်မတ်သွားဖို့” ညွှန်ကြားထားပါတယ်။ 

စထွန်းအောင်၊ အောင်ဇေ/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button