အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“စစ်တပ်ကိုရော ဘယ်အဖွဲ့ကိုမှ SSPP က စစ်ရေးအရ မကူညီပါဘူး”- ဗိုလ်မှူးကြီးစိုင်းဆု၊ SSPP/SSA

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရွာတွင် ဌာနချုပ်အခြေစိုက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သည် ရှမ်းမြောက်ဒေသ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ မိုးမိတ် ၊ မဘိမ်း၊ သိန္နီနှင့် နမ့်ခမ်းမြို့နယ်များတွင် စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှစ်ကာလကြာရှည်စွာ ထူထောင်ထားသည့် အဖွဲ့ဖြစ်သည်။ 

ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရွာတွင် ဌာနချုပ်အခြေစိုက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့သည် ရှမ်းမြောက်ဒေသ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ မိုးမိတ် ၊ မဘိမ်း၊ သိန္နီနှင့် နမ့်ခမ်းမြို့နယ်များတွင် စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှစ်ကာလကြာရှည်စွာ ထူထောင်ထားသည့် အဖွဲ့ဖြစ်သည်။ 

တော်လှန်ရေး သက်တမ်း ၆၁ နှစ်ကျော် ရှိခဲ့သည့်  SSPP သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို ခဲ့ပြီး သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားသည်။

သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်မူ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည့်အတွက်  ၂၀၁၅ အောက်တိုဘာတွင် SSPP ဌာနချုပ် ဝမ့်ဟိုင်းဒေသအား စစ်တပ်က ထိုးစစ်ဆင်ခဲ့၍  ၂၀၁၇ အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်။

ထို့နောက် စစ်တပ်နှင့် SSPP ကြား ပြင်းထန်သည့် တိုက်ပွဲများ မရှိတော့ဘဲ ရှမ်းမြောက်ဒေသအတွင်း ထိုးဖောက်၊ ဝင်ရောက်လာသည့်  ထိုင်းနယ်စပ်အခြေစိုက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/ SSA) နှင့် SSPP တို့ကြား သုံးနှစ်နီးပါး တိုက်ပွဲများ ဖြစ်ခဲ့သည်။

SSPP နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးပေါင်းပြီး ရှမ်းပြည်တောင်ပိုင်းထိ RCSS တပ်ဖွဲ့များအား တိုက်ထုတ်ခဲ့ပြီးနောက် ရှမ်းမြောက်ဒေသအတွင်း RCSS၊ TNLAနှင့် SSPP တို့ကြား စစ်ရေးပဋိပက္ခများ ရပ်တန့်သွားခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်ဒေသအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ (MNDAA ၊ TNLA ၊ AA) ၏ ၁၀၂၇ စစ်ဆင်ရေးတွင် SSPP လှုပ်ရှားရာမြို့များအား TNLA နှင့် MNDAA တပ်ဖွဲ့များက သိမ်းပိုက်လိုက်ရာ မြို့နယ်အချို့တွင် SSPP၊ TNLA နှင့် MNDAA အောက်ခြေတပ်ဖွဲ့ဝင်များကြား တွင် စစ်ရေးပဋိပက္ခများ ဖြစ်ခဲ့သည်။

သီပေါနှင့် လားရှိုးနှင့် သိန္နီမြို့နယ်အတွင်း SSPP နှင့် MNDAA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ 

ကျောက်မဲ၊ မိုးမိတ်နှင့် နမ့်ခမ်းမြို့နယ်များတွင်လည်း SSPP နှင့် TNLA တပ်ဖွဲ့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်။ အဆိုပါ စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုနည်းဖြင့် ဖြေရှင်းထားနိုင်သည်ဟု SSPP က ဆိုသည်။ 

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင် မပါဝင်သည့် SSPP အနေဖြင့် စစ်ကောင်စီတပ်ကို ကူညီပေးနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ 

ထိုအခြေအနေများနှင့် ပတ်သက်၍ SSPP/SSA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုအား Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

Related Articles

Back to top button