အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“လုပ်ရဲရင်ခံရဲရမှာပေါ့၊ ကျွန်တော်တို့က စစ်သားပဲ”- ဒုသမ္မတမြင့်ဆွေ

ဒုသမ္မတမြင့်ဆွေ Myanmar Now ကို ဖုန်းခေါ်စဉ်က 

စစ်အာဏာမသိမ်းခင်ကာလက  မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မှာ မြေယာငှားရမ်းမှုတွေနဲ့ပတ်သက်လို့ အလွန်ကြီးမားတဲ့ အဂတိလိုက်စားမှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အစိုးရလက်ထက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်လာပြီးတဲ့နောက်မှာ  စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေရဲ့ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။  

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရဆိုရင် ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က  မြေယာလက်သိပ်ထိုး ငှားရမ်းမှုတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ် သန်းပေါင်း ၅၇,၀၀၀ လောက် နစ်နာခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီလို ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေ ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း Myanmar Now သတင်းဌာနက ‘ရန်ကုန်ပန်းခြံ အရှုပ်တော်ပုံ’ ဆိုတဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းတပုဒ်ကို ရေးသားဖော်ပြခဲ့ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဲ့ဒီအချိန်တုန်းက ရန်ကုန်တိုင်းအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ မြေယာအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီးတော့ တာဝန်အရှိဆုံးဟာ ရန်ကုန်တိုင်းတိုင်းမှူးဟောင်း ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေပဲလို့ ဆိုကြပါတယ်။  

ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်ရတဲ့ လက်ရင်းတပည့် တစ်ဦးဖြစ်ပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာလည်း ယာယီသမ္မတတာဝန် ထမ်းဆောင်ခဲ့သူပါ။ 

အသက် ၇၄ နှစ်အရွယ် ဦးမြင့်ဆွေဟာ  အာရုံကြောရောဂါကို ခံစားရပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊  မနက် ၈ နာရီခွဲက အမှတ်(၂) ခုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီလို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ရန်ကုန်တိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့  မြေယာအရှုပ်တော်ပုံ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ရှိသူ ဦးမြင့်ဆွေ ဒုသမ္မတလက်ထက် ၂၀၁၇ခုနှစ်၊ ဇွန်လ ၅ရက်နေ့က Myanmar Now သတင်းဌာနကို တယ်လီဖုန်းနဲ့ဆက်သွယ်လာတဲ့ အသံဖိုင်ကို ဖော်ပြလိုက်ပါတယ်။ 

ကိုချို/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles