ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံတို့သည် နယ်နိမိတ်အငြင်းပွားမှုနှင့်ပတ်သက်၍ ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်ပွားခဲ့ရာမှ ယခုနှစ်အစောပိုင်းတွင် အငြင်းပွားနယ်မြေများ၌ တင်းမာမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ဇူလိုင် ၂၄ ရက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းတပ်ဖွဲ့များသည် နယ်စပ်တစ်လျှောက် ပြင်းထန်သော ကင်းလှည့်မှုများနှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အရပ်သားသေဆုံးမှုများနှင့် ဒဏ်ရာရှိမှုများရှိခဲ့သလို ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်။ ယခုအခါ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးများလည်း ရပ်ဆိုင်းလျက်ရှိသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့၏ ရာစုနှစ်ပေါင်းများစွာကြာခဲ့သည့် စစ်ရေးပဋိပက္ခများနှင့် တင်းမာမှု ဖြစ်စဉ်မှတ်တမ်းများကို ယခုရုပ်သံတွင် ကြည့်ရှုနိုင်သည်။
ဟန်လင်း/ Myanmar Now



