အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရဟန်းတစ်ပါးကို ပစ်သတ်ကြောင်း စစ်တပ်ဝန်ခံလိုက်ရသည့် ကံသုံးဆင့်ဆရာတော် မိန့်ကြားချက်

မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာမှာ ဒုတိယအင်အားအကြီးဆုံးသော သံဃာ့ဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းမှာ ဗဟိုအလုပ်အမှုဆောင်တစ်ပါးဖြစ်တဲ့ ဆရာတော်မုနိန္ဒာဘိဝံသဟာ၊ အခြားသော ထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးနဲ့အတူ မန္တလေးမြို့မှာ ကျင်းပမယ့် ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရောက်ဖို့သွားရင်း လမ်းခုလတ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်သတ်ခြင်းကြောင့် ပျံတော်မူခဲ့ရတာ အခု ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည့်ပါပြီ။

မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာမှာ ဒုတိယအင်အားအကြီးဆုံးသော သံဃာ့ဂိုဏ်းဖြစ်တဲ့ ရွှေကျင်ဂိုဏ်းမှာ ဗဟိုအလုပ်အမှုဆောင်တစ်ပါးဖြစ်တဲ့ ဆရာတော်မုနိန္ဒာဘိဝံသဟာ၊ အခြားသော ထေရ်ကြီးဝါကြီး ဆရာတော်တစ်ပါးနဲ့အတူ မန္တလေးမြို့မှာ ကျင်းပမယ့် ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရောက်ဖို့သွားရင်း လမ်းခုလတ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်သတ်ခြင်းကြောင့် ပျံတော်မူခဲ့ရတာ အခု ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ 

ရန်ကုန်မြို့၊ ကံသုံးဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့အတူ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့ မနက်ပိုင်းက ရန်ကုန်ကနေ မန္တလေးကို လေကြောင်းနဲ့ရောက်လာတဲ့ ဆရာတော်ဟာ တံတားဦးလေဆိပ်ကတစ်ဆင့် ငါန်းဇွန်မြို့၊ ကမ္မရွာကအပြန်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ 

ဆရာတော်ပစ်ခတ်ခံရတဲ့နေရာဟာ မြို့သာ-ငါန်းဇွန်းကားလမ်းပေါ်က မဂျီရွာနဲ့ ကမ္မရွာအနီးမှာပါ။ မန္တလေးမြို့ အနောက်တောင်ဘက် ၄၅မိုင်လောက်အကွာမှာ တည်ရှိတဲ့နေရာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်တာကြောင့်ဆိုပြီး ကနဦးမှဦ လိမ်လည် ထုတ်ပြန်ခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ယာဉ်မောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ ဆရာတော်ပျံတော်မူရတာဆိုပြီး ဖိအားပေး ထွက်ဆိုခိုင်းခဲ့ပါတယ်။ 

တကယ်တော့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်လို့ ပဲခူးဆရာတော် ပျံလွန်တော်မူရတာလို့ မျက်မြင်သက်သေဖြစ်တဲ့ ကံသုံးဆင့်ကျောင်းတိုက်ဆရာတော်ရဲ့ မိန့်ကြားချက်ကြောင့် စစ်ကောင်စီရဲ့ လိမ်လည်ထုတ်ပြန်မှု ပေါ်လွင်သွားခဲ့ပါတယ်။ 

ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ကြီးကိုလည်း စစ်ကောင်စီတပ်က မန္တလေးနန်းတွင်းစစ်ကြောရေးထဲအထိခေါ်ပြီး၊ အချိန်အတန်ကြာ စစ်ဆေးခဲ့ပါတယ်။ ထေကြီးဝါကြီးဆရာတော်ကြီးတစ်ပါးဖြစ်တာကြောင့် ပြန်လွတ်ပေးလိုက်လို့သာ သီလဂုဏ်မြဲမြံတဲ့ ဆရာတော်ကြီးရဲ့ ဖြစ်စဉ်အမှန်မိန့်ကြားချက်ကို ပြည်သူအများ ကြားသိခွင့်ရခဲ့တာပါ။ 

အဲ့ဒီနောက်  ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်သားများက ပစ်သတ်မိကြောင်း စစ်တပ်က ရှားရှားပါးပါး ဝန်ခံခဲ့ပြီး စစ်ခေါင်းဆောင်က သာသနာရေးဝန်ကြီးကို  ဆရာတော်ရဲ့ကျောင်းတိုက်စေလွှတ်ပြီး တောင်းပန်ခိုင်းခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ဒီဖြစ်စဉ်ကို ဖြစ်ရပ်မှန်စုံစမ်းရေးအဖွဲ့က ဖော်ထုတ်စစ်ဆေးမယ်လို့ ၂၀၂၄၊ ဇွန်လ ၂၁ရက်နေ့မှာ စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် အခု တစ်နှစ်ပြည့်တဲ့အထိ နောက်ဆက်တွဲ ဆက်လက်ထုတ်ပြန်တာ မရှိပါဘူး။ 

မျက်မြင်သက်သေဖြစ်တဲ့ တံတားဦးမြို့ခံလုပ်ငန်းရှင် ယာဉ်မောင်းကိုတော့ လအနည်းငယ်အကြာမှာ စစ်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ ကံသုံးဆင့်ဆရာတော်ကတော့ သူ့အနေနဲ့ ဖြစ်စဉ်အမှန်အတိုင်း မိန့်ကြားခဲ့ပြီးဖြစ်တာကြောင့် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထပ်မံမိန့်ကြားလိုခြင်းမရှိကြောင်း တယ်လီဖုန်းကတစ်ဆင့် Myanmar Now ကို မိန့်ကြားပါတယ်။ 

ဝင်းနိမ္မိတာရုံဆရာတော် ပစ်သတ်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကံသုံးဆင့်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button