အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်ဗိုလ်ချုပ်တွေကြောင့် သမိုင်းတကျော့ ပြန်လည်လာတဲ့ ILO အရေးယူမှု

လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အုပ်ချုပ်သည့် မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ အရေးယူခြင်းသည် စစ်ကောင်စီလက်ထက်တွင် သမိုင်းတစ်ကျော့ ပြန်လည်လာခဲ့သည်။ 

၁၉၈၈ ခုနှစ် အာဏာသိမ်းဗိုလ်ချုပ်ကြီးများက တောင်သူလယ်သမား၊ အလုပ်သမားများနှင့် ပြည်သူလူထုတစ်ရပ်လုံးကို တစ်အိမ် တစ်ယောက် လုပ်အားပေးစေခိုင်းခြင်းအပါအဝင် အမျိုးမျိုးသော အဓမ္မခိုင်းစေမှုများကြောင့် ၂၀၀၀ ပြည့် နှစ် ဇွန် ၁၄ ရက်နေ့တွင်  ILO က  မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် NLD ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာ သိမ်းခဲ့သည့် အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင်   ယခုလ ၅ ရက်နေ့ တွင် ILO က မြန်မာကို ဒုတိယအကြိမ် အရေးယူခြင်း ဖြစ်သည်။ 

ILO အရေးယူမှုတွင် စစ်ကောင်စီ အထိနာစေမည့် ဝင်ငွေရလမ်းပိတ်ဆို့ရေး၊ လက်နက်နှင့် လေယာဉ်ဆီဖြတ်တောက်ရေးတို့ ပါဝင်သည်။ ဝင်ငွေနည်း အလုပ်သမားများလည်း ထိမည် ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကြံခိုင်ရေးပါတီ၏ လက်ရှိ ထိပ်သီးခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ဦးသိန်းစိန်အစိုးရလက်ထက် အလုပ်သမားဝန်ကြီးလည်းဖြစ်ခဲ့သူ ဦးမောင်မြင့် ခေါ် မင်းကင်းမောင်မြင့်က နိုင်ငံတကာအသိုင်းအဝန်း ဖယ်ကျဉ်ခံထားရသည့် စစ်ကောင်စီသည် ILO ညီလာခံတွင် သံတမန်ရေးအရ အသိမှတ်ပြုမခံရ၍ ကြီးမားစွာ ဆုံးရှုံးနေကြောင်း၊ ယခုအရေးယူမှုမှာ ပေါ့ပေါ့တန်တန်မဟုတ်ကြောင်း ပြောဆိုထားသည်။ 

အောင်နိုင်/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button