အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ရတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာမောင်သာချို

၂၀၂၁ ဖေဖော်ဝါရီ နံနက်ပိုင်းမှာ အာဏာသိမ်းပြီလို့ ကြေညာခဲ့တဲ့ စစ်တပ်ဟာ အဲ့ဒိကြေညာချက်မထုတ်မီ နာရီပိုင်းအလိုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ရဲ့အာဏာသိမ်းပွဲကို အပြင်းထန်ဆုံးဆန့်ကျင်နိုင်တယ်လို့ ယူဆထားသူတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။ 

စထွန်းအောင်/ Myanmar Now  

၂၀၂၁ ဖေဖော်ဝါရီ နံနက်ပိုင်းမှာ အာဏာသိမ်းပြီလို့ ကြေညာခဲ့တဲ့ စစ်တပ်ဟာ အဲ့ဒိကြေညာချက်မထုတ်မီ နာရီပိုင်းအလိုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့ရဲ့အာဏာသိမ်းပွဲကို အပြင်းထန်ဆုံးဆန့်ကျင်နိုင်တယ်လို့ ယူဆထားသူတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။ 

အဲ့လိုအဖမ်းခံခဲ့ရသူတွေထဲမှာ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာမောင်သာချို့တို့လည်း ထိပ်ဆုံးကပါဝင်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတွေထဲက နိုင်ငံရေးအကျဉ်းသားဟောင်းတွေဖြစ်ကြတဲ့ ၎င်းတို့နှစ်ဦးဟာ ရန်ကုန်မြို့မှာ ဆေးကုသမှုခံယူရင်း ဇူလိုင်လ ၁၀ရက်နေ့မနက်ပိုင်းမှာ ကွယ်လွန်သွားကြပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ဟာ အာရှတော်ဝင်ဆေးရုံမှာ အသည်းရောဂါနဲ့ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ထင်ရှားတဲ့စာရေးဆရာတစ်ဦးဖြစ်တဲ့ ဒေါက်တာညွန့်သောင်း ခေါ် မောင်သာချိုကတော့ ပင်လုံဆေးရုံမှာ အရိုးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

အာဏာစသိမ်းတဲ့နေ့ကတည်းက စစ်တပ်က မတရားဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထောင် ၂နှစ် ချခဲ့တဲ့ သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့က ရန်ကုန်အင်းစိန်ထောင်ကနေ စစ်ကောင်စီလွတ်ငြိမ်းနဲ့ အတူတူလွတ်မြောက်လာကြတာဖြစ်သလို ကွယ်လွန်ချိန်မှာလည်း တစ်ရက်ထဲ ကွယ်လွန်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button