အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စောင့်ကြည့်ရမည့် ကရင်ထိုးစစ် ဝေဖန်သူတွေကို နှုတ်ဆိတ်သွားစေမလား

အာဏာသိမ်းပြီးနောက် ဖော်ဆောင်သည့် ကရင်တို့၏ ထိုးစစ်များသည် ကချင်၊ ပလောင်၊ ရခိုင်၊ ကိုးကန့် တို့နှင့် အမြဲတမ်း လိုလို နှိုင်းယှဉ်ခံနေရသည်။ ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် ကရင် လက်နက်ကိုင်များ အပေါ်တွင် ဝေဖန်မှုများ သိသိသာသာထွက်ပေါ်လာခဲ့သည်။

အာဏာသိမ်းပြီးနောက် ဖော်ဆောင်သည့် ကရင်တို့၏ ထိုးစစ်များသည် ကချင်၊ ပလောင်၊ ရခိုင်၊ ကိုးကန့် တို့နှင့် အမြဲတမ်း လိုလို နှိုင်းယှဉ်ခံနေရသည်။ ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် ကရင် လက်နက်ကိုင်များ အပေါ်တွင် ဝေဖန်မှုများ သိသိသာသာထွက်ပေါ်လာခဲ့သည်။

ယမန်နှစ်က မအောင်မမြင်ဖြစ်ခဲ့သည့် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်အကြာ ယခု ၂၀၂၅ ဧပြီ တွင် နောက်ထပ်တဖန် ကြီးမားသည့် ထိုးစစ်ကြီးကို ကရင်လက်နက်ကိုင်များ ဖော်ဆောင်နေပြီဖြစ်သည်။

ထိုစစ်ဆင်ရေးသည် ယမန်နှစ်က ဖော်ဆောင်ခဲ့သည့် အာရှလမ်းပေါ်မှ စစ်ဆင်ရေးများနှင့် ကွဲပြားခြားနားမှု အနည်းငယ်ရှိနေသည်။

ယခုတဖန်ထိုးစစ်တွင်မူ အင်အားသုံးစွဲမှုအပြင် ယခင်က သေနတ်မဖောက်ရနယ်မြေအဖြစ် သတ်မှတ်ထား သည့် KNU တပ်မဟာ (၇)၊ အာရှလမ်းမ မြောက်ဘက်အခြမ်းတွင်ပါ တိုက်ပွဲများ ဖော်ဆောင်လာသည့် အတွက် ယခင်နှင့်မတူ ထူးခြားသည့်အောင်မြင်မှုများပြကာ ဝေဖန်သူများကို နှုတ်ဆိတ်စေမည်လား ဆိုသည်က စိတ်ဝင်စားစရာကောင်းနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

KNU တပ်မဟာ (၇)  ရှိ စခန်းများကို စစ်တပ်က အလွယ်တကူ လက်လွှတ်နေရခြင်းမှာ  BGF က ထိုနယ်မြေရှိ စစ်ကောင်စီတပ်ကို အကာအကွယ်အထောက်အပံ့ မပေးတော့သည့် အတွက်ဟု ယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာသိမ်းပြီးချိန် ကာလတလျှောက်လုံး စစ်တပ်က နယ်စပ် စစ်စခန်းများကို ထောက်ပံ့ပို့ဆောင်ရေးအတွက် BGF နယ်မြေကို  အသုံးပြုခဲ့ခြင်းကြောင့်ဖြစ်သည်။

မည်သို့ဆိုစေ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသည့် ယခု ၂၀၂၅ နှစ်တွင် ကရင်တိုင်းရင်းသားတို့ ဖော်ဆောင်လာသော ထိုးစစ် မည်၍ မည်မျှခရီးပေါက်မည်ကို   စောင့်ကြည့်နေကြပြီ ဖြစ်ကြောင်း ဆောင်းပါးရှင် ‘ကစောဖိုး’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button