မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းက ထုတ်ပြန်ထားသည်။
မေ ၁၅ နံနက်ပိုင်းက စတင်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှကြားကပင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



