အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် 

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) တပ်မဟာ ၅ လှုပ်ရှားနယ်မြေအတွင်းရှိ ကရင်ရွာများကို အာဏာသိမ်းစစ်ကောင်စီက ယနေ့(ဧပြီ ၂၇ ) မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ နံနက်အစောပိုင်းက ထိုင်း − မြန်မာနယ်စပ် သော်လဲထာရှိ စစ်ကောင်စီတပ်စခန်းကို KNU တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေ့လယ် ၁ နာရီဝန်းကျင်တွင် သောလယ်ထာစခန်းနှင့် ၁၀ မိုင်အကွာရှိ ဒါးကွယ်ဒေသ ကရင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက Myanmar Now ကို ပြောသည်။

“ရွာသားတွေကို မရှောင်ဘဲ ရွာတွေနဲ့အနီးအနားကို ဗုံးကြဲတာကတော့ ရွာသားတွေအတွက် တော်တော်လေးစိုးရိမ်တယ်” ဟု ဖဒိုမန်းမန်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သော ကရင်ရွာသည် လူဦးရေ ၂၀၀ နီးပါးနေထိုင်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

ပြီးခဲ့သည် မတ် ၂၇ က ကရင်ပြည်နယ် မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နယ်စပ်စခန်းတစ်ခုဖြစ်သော သီးမူထာစခန်းကို KNU တပ်မဟာ ၅ က တိုက်ခိုက်ပြီးနောက် ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ KNU ထိန်းချုပ်ဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိရာ ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်စေသော၊ ခြောက်လှန့်ပစ်ခတ်နေသော စစ်ကောင်စီတပ်စခန်းများကို ထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်း KNU ယနေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button