အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ အ​မေရိကန်ဆိုင်းငံ့

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနှင့် ပြုလုပ်ထားသော ၂၀၁၃ ခုနှစ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက် (TIFA) များကို ဆိုင်းငံ့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ကုန်သွယ်မှုကိုယ်စားလှယ်သံအမတ် ကက်သရင်းတိုင်က မတ် ၂၉ တွင် ထုတ်ပြန်သည်

အဆိုပါဆိုင်းငံ့မှုသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရတက်လာချိန်အထိ သက်ရောက်မည်ဖြစ်သည်ဟုလည်း သံအမတ်ကဆိုသည်။

ဒီမိုကရေစီအစိုးရကသာ မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု အမေရိကန်၏ ကုန်သွယ်မှုကိုယ်စားလှယ်သံအမတ် ကက်သရင်းတိုင်က ၎င်း၏ လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

သံအမတ်က စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်တိုက်ခိုက်နေသဖြင့် စိုးရိမ်ကြောင်းနှင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူများ၊ ကျောင်းသားများ၊ အလုပ်သမားများ၊ အလုပ်သမားခေါင်းဆောင်များ၊ ဆေးပညာရှင်များနှင့် ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ခြင်းများသည် နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ တုန်လှုပ်​စေသည်ဟု ၎င်းက ဆိုသည်။

မြန်မာ-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက် (TIFA)ကို ၂၀၁၃ မေလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန (USTR) က အမေရိကန်-မြန်မာကြား လွတ်လပ်မျှတစွာ ကုန်သွယ်စေနိုင်မည့် TIFA ကို ဦးဆောင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရန်အတွက်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၃၀၀ ကျော် တိုက်ရိုက်ရင်းနှီးမြှုပ်နှံထားပြီး အခြားနိုင်ငံများမှ တဆင့်လည်း ရင်းနှီးမြှုပ်နှံထားသည်များ ရှိသည်။

အမေရိကန်-မြန်မာ ကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အ​မေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖိုး ရှိခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button