အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီ၏ ကရင်ပြည်နယ်အတွင်း တပ်စခန်းတစ်ခုကို KNU သိမ်းပိုက် 

အကျအဆုံး အထိအခိုက်စာရင်းကို အတိအကျ မသိရသေးသော်လည်း ထုတ်ပြန်ထားသည့်ဓာတ်ပုံများတွင် အလောင်း ၅ လောင်းထက်မနည်းတွေ့ရပြီး ဖမ်းဆီးခံရသူ ၈  ဦး တွေ့ရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ၏ တပ်မတော်နေ့ပွဲကို ယနေ့ နံ နက်ကနေပြည်တော်တွင်ပြုလုပ်ခဲ့ကြသော်လည်း တောတွင်းစစ်စခန်းများတွင်မူ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရသည်။ 

ပြီးခဲ့သည့် မတ် ၂၅ ရက်ကလည်း ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ အလော့ဘွမ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များတွင် KIA နှင့် KNU တို့သည် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ၎င်းတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူများအား အကြမ်းဖက်ဖြိုခွဲမှုများအား လက်မခံကြောင်း ထုတ်ပြန်ထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button