အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းအမှတ်စဉ် (၁၅) ပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း သင်တန်းအမှတ်စဉ် (၁၅) ပုံရိပ်များ ဖြစ်ကြသည်။ အဆိုပါ အခြေခံစစ်ပညာသင်တန်းကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၃လအကြာ ဒီဇင်ဘာလကုန်ရက်များတွင် သင်တန်းပြီးစီးခဲ့ကာ အင်အားရာဂဏန်းအထိ ရှိကာ MDY-PDF နည်းပြများကသာ ဦးဆောင်သင်တန်းပေးခဲ့ကြောင်း သိရသည်။

MDY-PDF သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ဒေသတွင် စတင်စုဖွဲ့ပြီး၊ စစ်ပညာများ သင်ယူလာခဲ့ခြင်းဖြစ်ပြီး MDY-PDF ၏ လက်ရှိအချိန်အထိ စစ်ပညာသင်တန်းအများစုကို TNLA အရာရှိများနှင့် ပူးတွဲဖော်ဆောင်ခဲ့ကြရသော်လည်း ယခုသင်တန်းအမှတ်စဉ် (၁၅) တွင်မှ MDY-PDF ၏ နည်းပြများက သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

MDY-PDF ထံ ရောက်ရှိသည့် တော်လှန်ရေးရဲဘော်သစ်များသည် အခြေခံစစ်ပညာသင်တန်းပြီးမြောက်ပါက ရက်အနည်းငယ်အနားရကြပြီးကျွမ်းကျင်ရာကဏ္ဍအလိုက် တာဝန်များခွဲဝေပေးအပ်ခြင်းခံရကာ ရဲဘော်အများစုမှာ တိုက်ခိုက်ရေးတပ်ရင်းများသို့ သွားရောက်၍ တိုက်ပွဲအတွေ့အကြုံများရယူကြရမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။