အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပိတ်ဆို့မှုကို ခံနိုင်ရည်ရှိကြောင်း စစ်ကောင်စီပြောကြား

အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ဖြစ်ခြင်းကို (Sanctions and Isolation) ကို ခံနိုင်ရည်ရှိကြောင်း အာဏာသိမ်း စစ်တပ်က ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စား လှယ်က ပြောသည်။

စစ်တပ်ဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ဗုဒ္ဓဟူးနေ့ (မတ် ၃) တစ်ရက်တည်း၌ပင် လူ ၃၈ ဦးသေဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောကြားစဉ် ကုလအထူး ကိုယ်စားလှယ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီက ပြင်းထန်သော အရေးယူမှုများ ဆောင်ရွက်နိုင်ကြောင်း စစ်တပ်ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဆွေးနွေးခဲ့စဉ် ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener က သတိပေးပြောကြားခဲ့သည်ဟု ဆိုသည်။ 

“သူတို့အနေနဲ့ ဖယ်ကြဉ်ခံရနိုင်ကြောင်း ကျွန်မ ဆက်သတိပေးတဲ့အခါ သူတို့က မိတ်ဆွေနည်းနည်းနဲ့ ရှေ့ဆက်လျှောက်ဖို့ လေ့လာထားတယ်လို့ ပြောတယ်” ဟု ယမန်နေ့တွင် ကုလအထူးကိုယ်စားလှယ် ထုတ်ဖော်ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် ဒုဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ချမှတ်ထားသည့် အချက်ငါးချက်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖော်သွားမည်ဟုလည်း ပြောကြား ခဲ့သည်ဟု ဆိုသည်။ 

ကုလအထူးကိုယ်စားလှယ်နှင့် ဒုဗိုလ်ချုပ်မှူးကြီးတို့သည် စစ်တပ်က အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်း အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေသည် ဒေသတွင်းတည်ငြိမ်မှု စိန်ခေါ်နေပြီး တကယ့်စစ်ပွဲကို ဦးတည်သွားနိုင်ကြောင်းလည်း  ကုလအထူးကိုယ်စားလှယ်က ယမန်နေ့တွင် သတိပေး ပြောကြားထားသည်။ 

နိုင်ငံတွင်း အကြီးအကျယ် ဆန့်ကျင်ခံနေရသည့် စစ်ကောင်စီကို မည်သည့်နိုင်ငံကမျှ တရားဝင် အသိအမှတ်မပြုသေးသော်လည်း နောက်ကွယ်တွင် တရုတ်နိုင်ငံက ကူညီထောက်ခံနေဖွယ်ရှိသည်ဟု အများက ယူဆနေကြသည်။

စစ်ဗိုလ်ချုပ်များသည် အာဏာရှင်နိုင်ငံဖြစ်သော ရုရှားနှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ 

အဖွဲ့ဝင်နိုင်ငံများ၏ အရေးအရာများတွင် ပါ၀င်ပတ်သက်ခြင်း မရှိရန် စည်းကမ်းချက် ချထားသည့် အာဆီယံနိုင်ငံများအနက် တချို့က စစ်ကောင်စီကို ပြည့်သူသဘောထား လေးစားရန်၊ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များကို ပြန်လွတ်ရန် တောင်းဆိုထားသည်။

ဤအတောအတွင်း အစိုးရဝန်ထမ်းအများအပြားက စစ်ကောင်စီ အခက်တွေ့ နောက်ဆုတ်သွားစေရေးအတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်နေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button