အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြုတ်ကျဖို့နေ့ရက်တွေ တရုတ်ကြောင့် အလှမ်းဝေးသွားလား

မြန်မာစစ်တပ် လုံးဝပြိုလဲသွားမယ့် အခြေအနေကို တရုတ်ဘက်က မလိုလားဘူးဆိုတာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အခုအချိန်မှာ ပေါ်လွင်သွားပါပြီ။ မြန်မာပြည်မှာ စစ်အာဏာရှင် ပြုတ်ကျသွားမှာကို တရုတ်ဘက်က ဘာကြောင့် စိုးကြောက်နေတာပါလဲ။ တရုတ်ရဲ့ ဒီရပ်တည်ချက်ကြောင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြုတ်ကျဖို့ နေ့ရက်တွေ ပိုပြီး အလှမ်းဝေးသွားတယ်လို့ ပြောနိုင်ပါသလား။ တော်လှန်ရေးအင်အားစုတွေကကော တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့ ဆက်ဆံကိုင်တွယ်ဖို့ သင့်ပါသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်တပ်မတော်ရဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်းဖြစ်၊ လက်ရှိ ဟာဝိုင်ယီပြည်နယ်၊ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနရဲ့ ပါမောက္ခဖြစ်သူ ဒေါက်တာမီမီဝင်းဘတ် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles