ရုပ်သံသတင်း

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်သတ်လို့ သေဆုံးခဲ့ရခြင်းသာဖြစ်

၂၀၂၁ နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းပြီးနောက် မန္တလေးအိုဘိုထောင်တွင် ထောင်ဒဏ် ၂၉နှစ် ချခံရသော၊ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရသော ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်တွင် အသက် ၇၃နှစ် ရှိပြီ ဖြစ်သည်။ သက်တမ်းတစ်လျှောက်လုံးနီးပါး နိုင်ငံရေးသမားဘဝဖြင့် ဖြတ်သန်းခဲ့သည့် ဆရာဝန် ဒေါက်တာဇော်မြင့်မောင်သည် နောက်ဆုံးအချိန်အထိ မိသားစု(ဇနီး၊ သမီး)နှင့် လုံးဝတွေ့ဆုံခွင့်မရသွားဘဲ မန္တလေး၊ အိုးဘိုထောင်၏ အပူဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရသည့်ဒဏ်တို့ကို အံတုရင်း သေဆုံးခဲ့ရသည်။ မန္တလေးအထူးကုဆေးရုံကြီး၌ သတိလစ်နေသော ဒေါက်တာဇော်မြင့်မောင်ကို ‘ပြဏ်ဒဏ်လွတ်ငြိမ်းခွင့်’ ပြုကြောင်း ယမန်နေ့(အောက်တိုဘာ ၆) တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဆေးရုံသို့လာရောက်ကာ အမိန့်ဖတ်ကြားခဲ့သည်။ ထိုအမိန့်ကို ဒေါက်တာဇော်မြင့်မောင် သိသွားခြင်း မရှိကြောင်း ၎င်း၏ ညီမအရင်းဖြစ်သူ ဒေါက်တာယုယုချစ်က Myanmar Now ကို ပြောသည်။ “အင်မတန်မှ ရက်စက်၊ ကြမ်းကြုတ်တဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားပေါ့။ သေခါနီးဆဲဆဲမှာမှ လွှတ်တယ်ဆိုပြီး လာပြောတာ။ ကိုဇော်(ဒေါက်တာဇော်မြင့်မောင်)တောင် မကြားလိုက်ရပါဘူး” ဟု ဒေါက်တာယုယုချစ်က ပြောသည်။ ဒေါက်တာဇော်မြင့်မောင် သေဆုံးခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး ညီမဖြစ်သူ ဒေါက်တာယုယုချစ်နှင့် Myanmar Now ဆက်သွယ်မေးမြန်းထားပါသည်။ မေးမြန်း – စထွန်းအောင်

Show More

Related Articles

Back to top button